၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအကြောင်း သိကောင်းစရာ ကျောက်ကြီးမြို့နယ်တွင် ရှင်းလင်းဆွေးနွေး ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အရှေ့)တွဲဖက်တာဝန်ခံ တက်ရောက်

 

ကျောက်ကြီး မတ် ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့ နံနက် ၉နာရီခွဲတွင် မြို့နယ်ပါတီရုံး၌ကျင်းပသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်း စရာဆွေးနွေးပွဲအား ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှ သိန်းနှင့် တောင်ငူခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ ကျောက်ကြီးမြို့နယ် တာဝန်ခံဦးကျော်ဌေးနှင့် ခရိုင် အတွင်းရေးမှူးတို့တက်ရောက်ခဲ့ကြ ပြီးအဆိုပါဆွေးနွေးပွဲအားကျောက် ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှဘုန်း နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ၄၁ အုပ်စုမှ ပါတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲအား နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာပြီးဆုံးခဲ့ ကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)