အင်းတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ်တင် ဒေသခံများနှင့်တွေ့ဆုံဆွေးနွေး

 

အင်းတော် မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စု၊ ကုန်းခါးကျေးရွာအုပ်စု တို့တွင် အောင်သပြေ၊ အမွှေးနံ့သာရည်ပက်ဖျန်းကာ ပါတီဆိုင်းဘုတ်တင် ခြင်းနှင့် ရေနွေးကြမ်းစကားဝိုင်းဆွေးနွေးခြင်းကို ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးကော်မတီဝင် ကသာခရိုင်ပါတီတာဝန်ခံ ဦးအောင်ကိုစံ၊ ကသာခရိုင်ပါတီအတွင်းရေးမှူးဦးမင်းဇော်မြင့်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးဇော်လင်းထွေး၊ မြို့နယ်ပါတီကော်မတီဝင် ဦးမိုးဆွေဦး၊ ဦးဝင်းဌေးနှင့် အရန်ပါတီကော်မတီဝင် ဦးညွန့်လှိုင်၊ ဦးအောင်ဇော်ထွန်း၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ကျေးရွာပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီ စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရမည့်လုပ်ငန်းများကို အပြန်အလှန်ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။

ကျော်စွာထွန်း