ပြည်သူများအတွက်အထူးလျှော့ဈေးဖြင့်ဆန်များရောင်းချရာသို့ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သွားရောက်အားပေး

 

နေပြည်တော် နိုဝင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့နံနက် ၁ဝ နာရီက ဇေယျာသီရိမြို့နယ် ပြည် ခိုင်ဖြိုးပါတီကအထူးလျှော့ဈေးဖြင့် ဆန်များရောင်းချနေမှုအား သွား ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည် သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေအတွင်းရှိ မိဘပြည်သူများသက်သာချောင်ချိစွာဈေးနှုန်းချိုဆန်များ ဝယ်ယူရေးအတွက် ပြည်ခိုင်ဖြိုးပါတီက အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးလျက်ရှိရာ ယနေ့နံနက် တွင် ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စုကျေးရွာများသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် အတွင်းရေးမှူး ဦးဌေးဝင်းတို့က ဆန်ရောင်းချ နေသော ပါတီဝင်များကိုသွားရောက်အားပေးခဲ့ပြီး ပြည်သူများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူ အခက်အခဲရှိနေချိန်တွင် တတ်နိုင်သည့်ဘက်မှစတင်ကူညီဖြည့် ဆည်းပေးခြင်းဖြစ်ကြောင်း၊ ပါတီအနေဖြင့် မိမိပြည်သူလူထု၏ အသံကို အမြဲနားထောင်ပါကြောင်း၊ ယခုလို ဆန်များဈေးလျှော့ ရောင်းချရာတွင်လည်း မိမိတို့အကျိုးအမြတ်ထက် အဓိကပြည်သူ တွေသက်သာစေဖို့ရည်ရွယ်ပြီး ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာစုံရောက်အောင်လည်း ရောင်းချပေးသွားမည်ဖြစ်သည် ဟုပြောဆိုခဲ့ကြောင်း သိရသည်။ ဆန်လာရောက်ဝယ်ယူသူ ပြည်သူများမှလည်း ပြည်ခိုင်ဖြိုးပါတီအပေါ် ကျေးဇူးတင်ရှိနေ ကြကြောင်း၊ အခြားသော စားသောက်ကုန်များကိုလည်း ဆန်နှင့် အတူ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန်ကိုလည်း အကြံပြု ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုနယ်မြေအတွင်း ဆန်များ လိုက်လံရောင်းချရာတွင် အောက်တိုဘာ ၂၄ရက်မှ ယနေ့ထိ ဆန်အိတ်ပေါင်း ၄၆၄ အိတ် ရောင်းချပေးခဲ့ကြောင်း သိရပြီး နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်