ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု ဒဂုံတောင်မြို့နယ်အမျိုးသမီးထုကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အဘိုးအဘွားများအား ထောက်ပံ့ငွေနှင့်အစားအသောက်များလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံတောင် အမျိုးသမီးညီလာခံကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဒဂုံတောင်အမျိုးသမီးထု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ လစဉ် ကူညီထောက်ပံ့ပေးနေသော အဘိုးအဘွား များအား တစ်အိမ်တက်ဆင်းထောက်ပံ့ ကူညီမှုကို ယမန်နေ့နံနက် ၈နာရီမှ စတင် ၍ ၁၈၊ ၂၂၊ ၂၅၊ ၅၃၊ ၁ဝ၆၊ ၁ဝ၇၊ ၁၄ဝ၊ စထဟနှင့် လေးထောင့်ကန်ရပ်ကွက်အသီး သီးကို ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းဦးဆောင်၍ ရန်ကုန်တိုင်း အမျိုးသမီးရေးရာတာဝန်ခံ အရှေ့ပိုင်းခရိုင် အတွင်းရေးမှူးဒေါ်ဇာခြည်လင်း၊ ခရိုင်အမျိုး သမီးရေးရာ တာဝန်ခံဒေါ်လဲ့လဲ့အေး၊ ဒဂုံ တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ် စမ်းစမ်းဌေးနှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်အသီးသီးမှ အမျိုးသမီးအဖွဲ့ ဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ မြို့နယ် ပါတီလူငယ်တာဝန်ခံ ဦးဇော်မင်းထွဏ်းနှင့် လူငယ်အဖွဲ့ဝင်များမှသွားရောက်ကာ အလှူ ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို စုပေါင်း ပေးအပ်လှူဒါန်း၍ အမျိုးသမီးညီလာခံအား ဂုဏ်ပြုလှုပ်ရှားမှုများသည် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ သည်။ ဆက်လက်၍လည်း ပညာသင်ကြား နေသော ကျောင်းသူများကိုလည်း ပံ့ပိုး ကူညီမှုများ ပေးခဲ့ကြောင်း သိရသည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)