ရပ်စောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၃

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဦးစိုင်းလုံကျော်၊ ဦးခင်မောင်မြင့်၊ ပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီအတွင်းရေးမှူး ဦးခွန် သိန်းမောင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်း၊ ဘဏ္ဍာရေးမှူး ဒေါ်ဝါဝါထွေး၊ တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးစောထွန်းခိုင်၊ ခရိုင်ကော်မတီဝင် ဦးမျိုးဆန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု များမှ အမျိုးသမီးပါတီဝင်များ စုစုပေါင်းအင်အား ၂ဝဝ ခန့် တက်ရောက်ကြောင်း သိရသည်။