မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

မြိတ် စက်တင်ဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံ ခေါင်းဆောင် ဒေါ်နီလာမြင့်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယမန်န့နံနက် ၇ နာရီတွင် မြိတ်မြို့ ကလွင်ကျေးရွာရှိ ”ဆံတော်ရှင်ပေါ်တော်မူရှေးဟောင်းစေတီတော်” မြတ် ကြီးရှိရာသို့ သွားရောက်ခဲ့ကြပြီး စေတီတော်ဘုရားပရိဝုဏ်ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာသို့ မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းဆွေ နှင့် ခရိုင်ကော်မတီဝင်များ၊ မြိတ်မြို့နယ်ပါတီဥက္ကဋ္ဌဦးမိုးမြင့်၊ အတွင်း ရေးမှူး ဦးကိုကိုကြီးနှင့်ကော်မတီဝင်များ၊ မြို့နယ် ပါတီလူငယ်ခေါင်း ဆောင်ဦးမြင့်သိန်းနှင့် ပါတီဝင်လူငယ်ရေးရာ မောင်/မယ်များ၊ ရပ်ကွက် နှင့်ကျေးရွာအုပ်စုစည်းရုံးရေးမှူးများနှင့် ပါတီဝင်များစုစုပေါင်းအင်အား ၁ဝဝ ခန့်တို့ပူးပေါင်းပါဝင်ကြကာ စေတီတော်နှင့် ဘုရားဆင်းတုတော် များအား ရောင်တော်ပွင့်ရေသပ္ပာယ်ပူဇော်သန့်စင်ခြင်း၊ စေတီတော်ပရိဝုဏ် နှင့် ရင်ပြင်တော်ရှိ အမှိုက်များရှင်းလင်းဖယ်ရှားခြင်းတို့ဖြင့် လုပ်အား ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်လင်း(မြိတ်)