ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုးများ၍ ရာသီဥတုဒဏ်​​ကြောင့် ပျိုကျပျက်​စီး သံကူကွန်​ကရစ်​တံတား(၂) စင်း အား အမြန်​​ဆောက်​လုပ်​​ပေးရန်​ အစီအစဉ်​ရှိ.မရှိ မေးခွန်းမေးမြန်း

 မော်လမြိုင်၊ စက်တင်ဘာ ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျိုက်မရော မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမင်းအောင်မွန်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ​မွန်​ပြည်​နယ်​လွှတ်​​တော်​ (၁၁) ကြိမ်​​မြောက်​ ပုံမှန်​အစည်းအ​ဝေး (ပဉ္စမ) ​နေ့တွင် ကျိုက်​မ​ရောမြို့နယ်​ မိကသစ်​​ကျေးရွာအုပ်​စုရှိ မိကသစ်​နှင့် လေးအိမ်​စုကျေးရွာသို့ ဆက်​သွယ်​ထား​သော လမ်း​ပေါ်ရှိ တံတား (၂) စင်းသည်​ မိုးများ၍ ရာသီဥတုဒဏ်​​ကြောင့် ပေါက်​ပြဲပျိုကျပျက်​စီး​နေသဖြင့် အစိုးရမှ အဆိုပါ​ကျေးရွာ၏ အဓိကကျ​သောလမ်း​ပေါ်ရှိ သံကူကွန်​ကရစ်​တံတား (၂) စင်းအား အမြန်​​ဆောက်​လုပ်​​ပေးရန်​ အစီအစဉ်​ရှိ/မရှိ မေးခွန်းအား မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းအား မွန်ပြည်နယ် စည်​ပင်​သာယာရေးဝန်​ကြီး ဦးမင်းကျော်လွင်မှ လာမည့်​ပွင့်​လင်းရာသီတွင်​ ပြည်နယ်​ဖွံဖြိုး​ရေး ရံပုံ​ငွေမှ အမြန်​​ဆောက်​လုပ်​​ပေးသွားမည်​ဖြစ်​​ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။