အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား စက်တင်ဘာ ၁၉

(၂ဝ၁၈)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့နှင့် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်နေ ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရပ်ကွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နေအိမ်၌ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များကလည်း လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)