ပါတီဆိုင်းဘုတ်တင် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်

 

နောင်ချိုမြို့နယ် လုံရုံးအုပ်စု၊ အုမ္မခါးအုပ်စု၊ ဆမ္မဆယ်အုပ်စု၊ သုံးဆယ်အုပ်စုတို့တွင် ယနေ့နံနက် ပိုင်းက ကျေးရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ်တင်ပွဲများ ဆက် တိုက်ကျင်းပရာ ရှမ်း(မြောက်) ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးမှူး ဦးခင်မောင်ချို နှင့်အဖွဲ့၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိန် ကြီး၊ အတွင်းရေးမှူး ဦးကျော်မြင့် နိုင်၊ ပါတီကော်မတီဝင်များဖြစ်ကြ သည့် ဦးတင်အောင်ဝင်း၊ ဦးညွန့် ဝင်း၊ ဦးသိန်းထွန်းဦး၊ ဦးကျော် လှိုင်၊ ဦးမျိုးနိုင်၊ ဦးမြင့်သန်းနှင့် ပါတီအရန်ကော်မတီဝင်များ၊ ရပ် ကွက်/အုပ်စုအသီးသီးမှ ပါတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖ များနှင့် အသင်းအဖွဲ့များ တက် ရောက်ခဲ့ကြသည်။

တစ်ဆက်တည်းအနေဖြင့် နောင် ချိုမြို့နယ် ဆီဆုံကျေးရွာအုပ်စု ဆီဆုံ ကျောင်းတိုက်တွင် ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ဥပုသ်သီတင်း ဆောက်တည်သူများ အပါအဝင် ပရိသတ် ၅ဝဝကို ထမင်းအာဟာရ ဒါနပြုလှူဒါန်းကြပြီး တရားတော် များ အတူတကွနာယူကြသည်။

ဆက်လက်၍ ဆီဆုံအုပ်စုမှ ပါတီဝင် ၂၅ဝ မှပါတီဝင်အဆိုပြု လွှာများ စုပေါင်းပေးအပ်ကြရာ ဒေါက်တာလဆိုင်း(ပြည်နယ်အတွင်း ရေးမှူး)က လက်ခံရယူခဲ့ကြောင်း သိရသည်။