ပဲခူးခရိုင်နှင့်ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်းလှူဒါန်းမှုများပြုလုပ်

 

ပဲခူး သြဂုတ် ၁၂

ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ကော် မတီဝင်များ၊ ညောင်လေးပင်မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် မြို့နယ်ကော်မတီဝင်များ ပူးပေါင်း ပြီး ညောင်လေးပင်နှင့် ရွှေကျင်မြို့ နယ်တို့တွင် ဘုန်းတော်ကြီးကျောင်း အချို့နှင့် ရေဘေးသင့်ပြည်သူများ အတွက် ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းမှုများပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးခရိုင် ဥက္ကဋ္ဌ၊ ညောင်လေးပင်မြို့နယ် ဥက္ကဋ္ဌနှင့် အဖွဲ့တို့သည် ညောင်လေးပင်မြို့ မြို့မ(၂)ရပ်ကွက် ကြားတောရ လမ်းရှိ အမှတ်(၂)ဓမ္မစကူးလ် ကျောင်းသို့သွားရောက်ပြီး ဆရာ တော်အား ဖူးမြော်ကန်တော့ကာ ကျောင်းသားကျောင်းသူများ ဖတ် ရှုလေ့လာနိုင်ရန် သာသနာ့ရောင် ခြည်စာစောင် ၄ဝဝနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့နောက် ရွှေကျင်မြို့သို့သွား ရောက်ပြီး ရွှေကျင်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်ပါတီဝင်များ၏ ကူညီပံ့ပိုးမှုဖြင့် ရှမ်းရွာခြေတော်ရာ ဓမ္မစကူးလ်ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းအတွက် သင်္ကန်းနှင့် သာသနာ့ရောင်ခြည်စာစောင်များ ကိုလည်းကောင်း၊ ရေဘေးဒဏ်ခံ ခဲ့ရသည့် ညောင်ဝိုင်းဆည်လေး လမ်းရှိ အိမ်ခြေ ၁၈ဝ အတွက် အဝတ်အထည်နှင့် ဆေးဝါးများကို လည်းကောင်း၊ အောင်ချမ်းသာ ကျေးရွာအိမ်ခြေ ၁၂ဝ အတွက် ကျောက်မြောင်းပရဟိတအဖွဲ့မှ လှူဒါန်းပေးသော ဆန်၊ ဆီ၊ ငါး သေတ္တာဘူးများကိုလည်းကောင်း၊ မအူပင်၊လက်ကောက်ဝ၊ကျီးပင်စု ကျေးရွာများအတွက် ကော့မှူး ပရဟိတအဖွဲ့မှလှူဒါန်းပေးသော အိမ်ခြေ ၂၅ဝ အတွက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ် ထောင်တစ်စုလျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့်လည်းကောင်း လှူဒါန်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)