စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေး (နည်းပြ) သင်တန်းဖွင့်လှစ်

 

မုံရွာ၊ ဇွန် – ၂၀

ယနေ့ ၂၀.၆.၂၀၁၈ ရက်နေ့ နံနက် ၀၈း၃၀အချိန် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမ၌ ဖွင့်လှစ်သော ပြည်သူဆက်ဆံရေး (နည်းပြ) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ သင်တန်းသားများ တတ်ရောက်
ခဲ့ကြပြီး တိုင်းပါတီဥက္ကဌမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ သင်တန်းသား စုစုပေါင်း ၄၇ ဦး တတ်ရောက်ခဲ့ကြပါသည်။

Crd..Kyu Kyu