စည်းလုံးညီညာ အောင်ကြောင်းဖြာ

 

ညီညွတ် ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ဟူသော ဓမ္မပဒပါဠိတော်ကို မြန်မာလူမျိုးတိုင်းလိုလိုပင် သိရှိကြပေ၏။ သို့ သိရှိကြသော်လည်း ကျွန်ုပ်တို့ မြန်မာလူမျိုးများမှာ ထိုစကားကို လူတိုင်း မလိုက်နာနိုင်ကြပါ။
ထို့ကြောင့် ယခုအခါ၌ မြန်မာတိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားနေကြသဖြင့် စည်းလုံးညီညွတ်မှု လိုအပ်နေပေသည်။ မြန်မာတိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားနေကြရသည်မှာလည်း မြန်မာပြည်လွတ်လပ်ရေးရပြီး ကတည်းက ဖြစ်သည်။ လွတ်လပ်ရေး မလွှဲသာ၍ပေးခဲ့ရသော နယ်ချဲ့ဗြိတိသျှ တို့က စိတ်ဝမ်းကွဲရန်မျိုးစေ့ကို တိုင်းရင်းသားတို့အထဲ ထည့်ခဲ့ခြင်းကြောင့်ဖြစ် သည်။ ဗြိတိသျှနယ်ချဲ့သည် သူ့ထံမှ လွတ်လပ်ရေးရသည့် တိုင်းပြည်များကို ဤနည်းအတိုင်းပင် သွေးခွဲသည့်မျိုးစေ့ ပျိုးထောင်ပေးလေ့ရှိသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးကိုကြည့်ပါ။ လွတ်လပ်ရေးရပြီးသည်နှင့် တိုင်းပြည်နှစ်ခြမ်းကွဲ ရုံမျှမက သုံးခြမ်းပင်ကွဲသွားရသည်။
ကျွန်တော်တို့မြန်မာပြည်မှ တိုင်းရင်းသားတို့သည် ဤသဘောကို နားလည် သဘောပေါက်ရန်လိုသည်။ ယခုအခါ ပြည်တွင်းရေးထက် မြန်မာပြည်အနောက် တံခါးမှ ရခိုင်အရေးသည် မြန်မာပြည်တွင်းမှ မြန်မာ့မြေကို ဖဲ့ထုတ်မည့်အရေး ဖြစ်သည်။ ထို့ကြောင့် မြန်မာတိုင်းရင်းသားတို့သည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ကြ၍ တိုင်းတစ်ပါးအရေးကိုအလေးထားရမည်။ လက်ရှိအစိုးရကလည်း တိုင်းရင်းသားများစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်နေသည်။ ထို့ကြောင့် တိုင်းရင်းသားအရေး အမြန်ပြေလည်မှ တိုင်းတစ်ပါးအရေးကို အလေးထားဆောင်ရွက်နိုင်မည်။
ထို့ကြောင့် ယခုအခါ၌ အချို့ အချင်းချင်းစိတ်ဝမ်းကွဲပြား၍နေကြသော မြန်မာ လူမျိုးတို့အဖို့ စည်းလုံးညီညွတ်မှုသည် လိုအပ်နေပေ၏။ စည်းလုံးညီညွတ်ရန်မှာ လည်း”တို့ရန်သူအစစ်ကား အဘယ်သူနည်း။ တို့၏အသွေးအသားတွေကို စုပ်ယူနေသူကား အဘယ်သူများနည်း၊ တို့လူမျိုး တွေကို ကျွန်လူမျိုးအဖြစ် သဘောထားကာ သား၊ မြေး၊ မြစ် အဆက်ဆက် နာလန်မထူနိုင်အောင် ဖိနှိပ်ချုပ်ချယ်ထားမည့်သူကား အဘယ်သူတို့ပေနည်း။ ပရိယာယ်နည်းအမျိုးမျိုးတို့ဖြင့် ချစ်ဟန်ဆောင်၍ ငါတို့လူမျိုးကိုသေအောင် သတ်မည့်သူများကား အဘယ်သူတို့နည်း။ ငါတို့၏ အထွတ်အထိပ်ထားသောဘာသာ၊ သာသနာ၊ ပညာရေးတို့ကို တစ်စမကြွင်းအောင် မီးသင်္ဂြိုဟ်ပစ်ရန် ကြံစည်လုပ်ကိုင်နေသူကား အဘယ်သူတို့ပေနည်း” အစရှိသည်ဖြင့် စဉ်းစားကြလျှင် ရန်သူအစစ်ကို မြင်နိုင်ပေမည်။ မိမိတို့၏ တကယ့်ရန်သူကို ရန်သူမှန်းသိလာပြီးသည်နှင့် တစ်ပြိုင်နက် ထိုသူတို့ကို ကူညီအားပေးခြင်းမပြုဘဲ ရန်သူအစစ်တို့ကို မုန်းတီး စိတ်နာ၍ လာကြရပေမည်။ သို့ မုန်းတီး စိတ်နာ၍လာကြသော လူအပေါင်းသည် အထက်ကရေးသားဖော်ပြခဲ့သည့်အတိုင်း ရာခိုင်နှုန်း ၉ဝ – ၉၅ လောက်ရှိရပေမည်။ ထိုအခါ၌ စည်းလုံးညီညွတ်ခြင်းသည် အလို အလျောက်ဖြစ်လာကာ အထူးမပြောရဘဲ မျက်စပစ်ရုံ၊ မျက်ရိပ်ပြရုံ၊ လက်ဖျစ်တီးရုံမျှဖြင့် မိမိတို့လိုရာကို သွေးထွက်သံယို မဖြစ်ကြဘဲအောင်မြင်ကြရမည်ဖြစ်ပေသည်။

မောင်သန်းဆွေ(ထားဝယ်)
The Union Daily မှ ကောက်နှုတ်ဖော်ပြပါသည်။