ကျောက်မဲပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ ကျန်းမာရေးစောက်ရှောက်မှုပြုလုပ်

 

ကျောက်မဲမြို့ ( ၈ ) ရပ်ကွက် သန္တိသုခဓမ္မာရုံတွင်အောင်မင်္ဂလာကျန်းမာရေးစောင့်ရှောက်မှုပရဟိတအသင်း နှင့် ဇီဝိတလူမှုကူညီရေးအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ အထွေထွေရောဂါကုဆေးခန်း မှ ယနေ့ ၂၀၁၈ မေလ ၁၆ ရက်နေ့တွင် သံဃာတော်များအပါအဝင် လူနာပေါင်း ၂၁ ဦး ကိုအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည် ။

အခမဲ့ဆေးခန်းကိုအပါတ်စဉ် ဗုဒ္ဓဟူးနေ့ ကြာသပတေးနေ့များတွင်
“” လူမျိုးမရွေး ဘာသာမရွေး “” လာရောက်အခမဲ့ဆေးကုသမှုခံယူနိုင်ပါသည် ။ဆေးခန်းဖွင့်ချိန်မှာ ညနေ ၄ နာရီအချိန်မှ ၆ နာရီအချိန်အထိဖွင့်လှစ်ထားပါသည်။ ဒေါက်တာသိန်းဇော် MBBS ( MDY ) နှင့်သူနာပြုဆရာ/ဆရာမများမှဆေးကုသပေးလျှက်ရှိပါသည် ။

ကျောက်မဲမြို့မြို့နယ်အတွင်းရေးမှူးဦးကျော်ကျော်ဦးမှဦးစီးဖွင့်လှစ်သော အခမဲ့ဆေးခန်းတွင် အောင်မင်္ဂလာအဖွဲ့နှင့် ပြည်ခိုင်ဖြိုးကော်မတီဝင်များ ရပ်/စည်းများပါဝင်ဆောင်ရွက်နေပါသည်။

credit >>> kyaw kyaw oo