ဗဟိုအလုပ်အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံနှင့်အဖွဲ့ မြဝတီနှင့်ကော့ကရိတ်မြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်ပါတီအတွင်းရေးမှူးဦးစန်းကိုနှင့်အဖွဲ့သည် ကရင်ပြည်နယ် မြဝတီ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယခုလ ၁ရက်က မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဝင်အင်အား ၅ဝခန့်နှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ဝှေ့ရှမ်းကျေးရွာအုပ်စု ညောင်နန်းသာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာတော်အား နဝကမ္မဝတ္ထုငွေကျပ် ၃ဝဝဝဝ ဆက်ကပ် လှူဒါန်းခဲ့သည်။ထို့နောက် ညောင်နန်းသာဓမ္မာရုံတွင် ကျေးရွာနေပြည်သူ များနှင့် ပါတီဝင်အင်အား ၂၅ဝကျော်နှင့်တွေ့ဆုံကာ လက်ရှိနိုင်ငံရေးအခြေအနေကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးရုံး ဆောက်လုပ်ရန် ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ကော့ကရိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးအဖွဲ့ဝင် အင်အား ၆ဝနှင့် တွေ့ဆုံအမှာစကားပြောကြားကာ နဘူးကျေးရွာမီးသင်္ဂြိုဟ်စက်ဆောက်ရန် ငွေကျပ်တစ်သိန်းခွဲ လှူဒါန်းခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ကော့ကရိတ် မြို့မကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ပြီး နဝကမ္မအလှူငွေကျပ် ၃ဝဝဝဝ နှင့် သင်္ကန်းတစ်စုံတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Union daily