ရခိုင်အရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်

ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပဖို့ အင်္ဂါနေ့ က တင်ပြထားကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မက်သရူး ရိုင်း ခရော့ဖ် က ပြောပါတယ်။

ရခိုင် အရေးအခင်းနဲ့ ပတ်သက်ပြီး အရေးတကြီး အဖြေရှာဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်တွေ အတွင်းက ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် စိုးရိမ်စရာ အခြေအနေတွေ ရှိနေတယ်လို့ သူက ပြောကြားပါတယ်။

ကုသလမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ တောင်းဆိုမှုကို လုံခြုံရေးကောင်စီကလည်း လက်ခံခဲ့ပြီး ဩဂုတ်လ ၃၀ ရက်နေ့ ဒီကနေ့ မှာ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ အရေးပေါ်အစည်းအဝေး တစ်ရပ် ကျင်းပဖို့ ရှိနေပါတယ်။

BBC Burmese