ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး မုံရွာ ချောင်းဦး ဘုတလင် အရာတော်မြို့နယ်များမှ ပါတီကော်မတီဝင်များ ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်းဒေသကြီး တာဝန်ခံ) ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၁နာရီ တွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ပါတီရုံး ပြည်ထောင်စုခန်းမ၌ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှ ပါတီ ကော်မတီဝင်များ၊ မုံရွာ မြို့နယ် အတွင်းရှိ ရပ်/ကျေးပါတီခေါင်း ဆောင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။

အဆိုပါတွေ့ဆုံပွဲသို့ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြင့်သိန်း (တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ)နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မုံရွာခရိုင် မုံရွာမြို့နယ်၊ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော် မြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ မုံရွာမြို့နယ် အတွင်းရှိ ရပ်/ကျေး ပါတီခေါင်း ဆောင်များစုစုပေါင်းအင်အား ၁၂ဝ ကျော် တက်ရောက် ခဲ့ကြသည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် တက်ရောက်လာကြသော ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များက တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ကြသည်။ ထို့ နောက် (တိုင်းဒေသကြီးတာဝန်ခံ) ဗဟို အလုပ် အမှုဆောင် ဦးမြင့်စိုးက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေ နှင့်ပတ်သက်၍ရှင်းလင်း ပြောကြားပြီး ပါတီစည်းရုံးရေး လုပ်ငန်းများ ဦးစားပေးဆောင် ရွက်နိုင်ရေး ဆက်လက်ဆွေးနွေး ပြောကြားသည်။

စိမ်းနိုင်