မန်ယူသို့ ပြောင်းရွှေ့မည်ဟု နေမာ အရိပ်အမြွက်ပြော

ဘာစီလိုနာတိုက်စစ်မှူး နေမာက မန်ယူသို့ ပြောင်းရွှေ့နိုင်ခြေနှင့် ပတ်သက်၍ ဖွင့်ဟပြောဆိုပြီး မော်ရင်ဟို သည် ကစားသမားတိုင်း လက်တွဲလိုသော နည်းပြဖြစ်သည်ဟု အခိုင်အမာပြောကြားကာ တစ်နေ့နေ့တွင် ပရီးမီးယားလိဂ်သို့ လာရောက် ကစားလိုကြောင်း ပြောသည်။

 

နေမာ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့တော့မည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်မှာ ဖေဖော်ဝါရီ ကတည်း ကပင်ဖြစ်ကာ မန်ယူက ၎င်းအတွက် ပေါင်သန်း ၂၀၀ သုံးစွဲရန် အဆင်သင့်ရှိသည်ဟု သတင်း များက ဖော်ပြခဲ့သည်။

ယခုအခါနေမာကိုယ်တိုင် က မော်ရင်ဟို၏ မန်ယူအသင်း သည် လေးစားရသော ဘောလုံး ကလပ်များ အနက် တစ်သင်းဖြစ်သည်ဟု ပြောကြားပြီး မော်ရင် ဟိုနှင့် လက်တွဲလိုသည်ဟု ဆို သည်။

‘‘ပရီးမီးယားလိဂ်ဟာ ကျွန်တော့်ကို အံ့အားသင့်စေတဲ့ ပြိုင်ပွဲတစ်ခုပါ။ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာလို အဆင့်မြင့် နည်းပြတွေဟာ ကစားသမားတိုင်း လက်တွဲကစားလိုတဲ့ နည်းပြတွေဖြစ်ပါတယ်’’ဟု နေမာက ပြောသည်။

ပရီးမီးယားလိဂ်သည် မည်သည့်အသင်း ဗိုလ်စွဲမည်ကို လုံးဝမသိနိုင်သော ပြိုင်ပွဲဖြစ်ကာ ပြီးခဲ့သည့် ရာသီ က လက်စတာဗိုလ်စွဲခဲ့၍ ချန်ပီယံလိဂ်တွင် မိမိတို့နှင့် ရင်ဆိုင်တွေ့ပါက ယင်းအသင်းကို လေးစားမှုဖြင့် ရင်ဆိုင်ရန် အရေးကြီးသည်ဟု နေမာက ပြောသည်။

လာလီဂါတွင် ဘာစီလိုနာသည် တစ်ပွဲလျော့ ရီးရဲလ်ကို ဒုတိယနေရာကနေ၍ နှစ်မှတ်လျော့ဖြင့် ဆက်လက် ဖိအားပေးထားနိုင်ပြီး ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီကို အံ့အားသင့်ဖွယ်ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ချန်ပီယံ ဖြစ်ရန် ရေပန်းစားနေသည်။

—Ref:Goal