ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဖေဖေါ်ဝါရီ(၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တောင်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ရှမ်းပြည်နယ်ပါတိဥက္ကဌ ဦးစိုင်းသန်းဝင်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ပြည်နယ်ပါတီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် ပါတီဝင်အင်အား စီစစ်ခြင်းလုပ်ငန်းကို အမြန်ဆုံး ပီပီပြင်ပြင် တိတိကျကျဖြစ်အောင် အကောင် အထည်ဖေါ်ဆောင်ရွက်ပေးကြရန်၊ ပါတီဝင်အားလုံး လစဉ်ကြေးပေး သွင်းနိုင်ရေး နှင့် ပါတီဝင်အင်အား ရရှိနိုင်ရေးလည်း စည်းရုံးဆောင်ရွက်ပေးကြ ရန်၊ မြို့နယ်များမှ လှုပ်ရှားဆောင်ရွက်မှုတိုင်းကိုလည်း လစဉ်အစီရင်ခံ ပေးပို့ တင်ပြပေးကြရန် လိုအပ်ကြောင်း၊ ပါတီဝင်များ၏ စွမ်းဆောင်ရည်မြှင့်မား လာနိုင်ရေးအတွက်လည်း စွမ်းရည်မြှင့်တင်နိုင်ရေး သင်တန်းများကို မြို့နယ် များမှ ဖွင့်လှစ်သွားစေလိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် (၂၀၁၇) ကြားဖြတ်ရွေးကောက်ပွဲ ပါဝင်သည့် ညောင်ရွှေ၊ ကျေးသီး၊ မိုင်းရူး၊ ကျိုင်းတုံမြို့နယ်များတွင် တောင်ကြီးခရိုင်နှင့် ဆက်စပ်နေ သည့် ညောင်ရွှေမြို့နယ်အောင်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက် ပေးကြရန်” ပြောကြားခဲ့သည်။

ဆက်လက်၍ တောင်ကြီးခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပခဲ့ကြပြီး ယင်းအစည်းအဝေးသို့ ပြည်နယ် ပါတီ ဥက္ကဌကြီးနှင့်အတူ ပြည်နယ်ပါတီကော်မတီဝင် ဦးစိန်လေးမောင်၊ တောင်ကြီး ခရိုင် ပါတီဥက္ကဌ ဦးစောထွန်းခိုင်နှင့် ခရိုင်ပါတီကော်မတီ ၀င်များ၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်မှ ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ စုစုပေါင်း အင်အား (၃၀)ဥိး တက်ရောက်ကြောင်း သိရှိရသည်။

သန်းထူး(တောင်ကြီး)