ပါတီဝင်များဖြင့် ကွင်းဆင်းတွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်၊ နားယောင်းအုပ်စု၊ မိုက်ဟွန်းဆမ်ခါကျေးရွာတွင် နေထိုင်သည့် ဦးစိုးမြင့်သိန်း+ဒေါ်အားဘ၏ နေအိမ်ခေါင်မိုးပေါ်သို့ အမျိုးအမည်မသိ လက်ပစ်ဗုံးတစ်လုံးကျရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။

လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်သည့် နေအိမ်သည် ဦးစိုးမြင့်သိန်း၏ ဇနီး ဒေါ်အားဘသည်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်သည့်အတွက် (၂၆-၁-၂၀၁၇)ရက်နေ့တွင် ခရိုင်/မြို့နယ်ပါတီကော်မတီဝင် (၁၀)ဦးမှ ဝေးလံပြီး တောင်တက်သွားရသော ဖြစ်စဉ်ရွာသို့ ကား(၂)စီးဖြင့် သွားရောက်ကြပြီး ပါတီဝင်အား တွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းအဖွဲ့သည် နံနက်(၁၀း၃၀)တွင် ကျေးရွာသို့ ရောက်ရှိပြီး ပါတီဝင် ဒေါ်အားဘနှင့်အတူ ကျေးရွာ သူကြီး ဦးလီမွေးနှင့် ရွာသူရွာသားများဖြင့် တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံနှင့် ခရိုင်ဘဏ္ဍာရေးမှူး ဦးဝေယံဦးတို့မှ ယနေ့ ကွင်းဆင်းလာရောက်ပြီး မိမိပါတီဝင်အားလာရောက်တွေ့ဆုံရ သည့်အကြောင်းအား ရှင်းလင်းပြောကြားပြီး ဦးဝေယံဦးမှ အာခါတိုင်းရင်းသား ဘာသာစကားဖြင့် အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ကျေးရွာသူကြီးနှင့်ဦးစိုးမြင့်သိန်းတို့က ဝေးလံသည့် ခရီးကြမ်းဖြင့် အသင်းသားအပေါ် စေတနာထားရှိမှုအပေါ် ၀မ်းသာစွာ ကြိုဆိုဂုဏ်ပြုပါကြောင်း ကျေးရွာအနေဖြင့် ယခင် ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး သုံးဦးလောက်ရှိပါကြောင်း ရွာသူရွာသားအားလုံး ပါတီဝင်အဖြစ် ၀င်ခွင့်ပြုပါရန် ပြောကြားလာသဖြင့် အသင်းဝင်အဖြစ် ကျား(၁၈)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၃၄)ဦး အား စာရင်းများပြုစု၍ နေခြင်း အသိအမှတ်ပြုကဒ်များ ထုတ်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုနေ့စဉ်သတင်းစာများ ရှေ့ဆောင်ဂျာနယ်များနှင့် ထိုင်းဘတ်(၂၆၀၀)တန်ဖိုးရှိ ခေါက်ဆွဲ၊ စားသုံးဆီ၊ မုန့်၊ ချိုချဉ်၊ ခေါင်းလျှော်ရည်ဗူး၊ သွားတိုက်ဆေး၊ ဖယောင်းတိုင်တို့အား ကျေးရွာနှင့် ပါတီဝင် ဒေါ်အားဘတို့အား လည်းကောင်း၊ ကျေးရွာအတွက် လိုအပ်နေသော ရေအိမ်(၃)ခန်းတွဲ ဆောက်လုပ်ရန် ခရိုင်ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်းတို့မှ တန်ဖိုးငွေ(၃၄၂၀)ဘတ် တန်ဖိုးရှိ ဘိလပ်မြေ(၃၀)အိတ်၊ မြို့နယ်(အရံ)ကော်မတီဝင် ဦးထက်အောင် မှ တန်ဖိုးငွေ ထိုင်းဘတ်(၁၃၀၀)ရှိ၊ ၈ ပေသွပ် နှင့် သွပ်ရိုက်သံမှို သွပ်နန်းကြိုး(၁)ခွေတို့ကိုလှူဒါန်းခြင်းများ ဆောင်ရွက်ပြီး နေ့လည် စားသုံးဆောင်ပြီး ကျေးရွာမှ တာချီလိတ်သို့ ညနေ(၁၆း၃၀)တွင် ပြန်လည်ရောက်ရှိကြောင့် သိရှိရပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ