ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း အမ်းမြို့နယ် ကျွဲကူးတောင်နှင့် တလိုင်း တောင်ကျေးရွာ လူထုတွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

 

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ရောက်ရှိနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့သည် ဒီဇင်ဘာ (၁၅) ရက် နံနက် ၉ နာရီတွင် အမ်းမြို့နယ် ကျွဲကူးတောင်ကျေးရွာ လူထု တွေ့ဆုံပွဲကိုလည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် တလိုင်း တောင်ကျေးရွာ လူထုတွေ့ဆုံပွဲများ သို့လည်းကောင်း တက်ရောက်ပြီး ကျေးရွာလူထုနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ပါတီစည်းရုံးရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဒေါက်တာစန်းရွှေ(ပြည်နယ် ပါတီဥက္ကဋ္ဌ)၊ဗဟိုကော်မတီဝင်များ ဖြစ်ကြသောဦးကိုကိုလွင် (ပါတီ လုပ်ငန်းစိစစ်ရေး)၊ ဦးမင်းမင်းဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဦးတင်လှိုင်မြင့် (ပါတီစည်းကမ်း ထိန်းသိမ်း ရေး)၊ ဦးအောင်ကျော်ညွန့်(စီးပွားရေးရာ)၊ ဦးကိုကိုနိုင် (သုတေသနနှင့်ပညာရေးရာဌာန ကြီး)တို့နှင့်အတူ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းဌေး၊ ပြည်နယ် ပါတီကော်မတီဝင်များ၊ ကျောက်ဖြူ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းနုနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ အမ်းမြို့နယ် ပါတီ ဥက္ကဋ္ဌဦးကျော်ကျော်နိုင် နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ပါတီ ဥက္ကဋ္ဌက ရခိုင်ပြည်နယ်ပါတီအခြေအနေနှင့် စည်းရုံးရေးဆောင်ရွက်မှုများကို ချပြ ဆွေးနွေးပြီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ပြည်သူအတွက် ဆောင် ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဦးသောင်းငြိမ်းက အမ်းမြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် ၄င်း ဆောင်ရွက်ပေးမည့်လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply