ပဲခူး(အနောက်)ပါတီလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ယခုလ ၁၆ ရက် ညနေ ၄ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပဲခူးတိုင်း ဒေသကြီး(အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင် ဇော်ဌေး၊ ခရိုင်မီဒီယာ ပြည်တာဝန်ခံ ဦးအောင် ဇော်အေးနှင့် ခရိုင်ကော်မတီဝင်များ တက်ရောက် ခဲ့သည်။
ထို့နောက်ပါတီ၏ရှေ့လုပ်စဉ်များ လုပ်ဆောင် နေမှုကို မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ပါတီစည်းရုံးရေးမှူးများက ဆောင်ရွက်ထားရှိမှု များ တစ်ဦးချင်း အပြန်အလှန်မေးမြန်းဖြေကြား ရှင်းလင်းကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညနေ ၆ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

ရဲထွဋ်(ပြည်)


Leave a Reply