တနင်္သာရီတိုင်းဒေသကြီး ပါတီနာယက ကျေးရွာဝံသာနုရက္ခိတ အဖွဲ့အား အလှူငွေပေးအပ်

 

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယက တစ်ဦးဖြစ်သော ဦးကင်းစိန်သည် ဒီဇင်ဘာ (၁၂) ရက် မွန်းလွဲ (၁) နာရီ အချိန်တွင် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နယ်မြေ တာဝန်ခံများနှင့်အတူ သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာသို့သွားရောက်၍ ကျေးရွာဝံသာနုရက္ခိတအဖွဲ့နှင့် တွေဆုံသည်။

တွေ့ဆုံပွဲတွင် ဦးကင်းစိန်က လက်ရှိနိုင်ငံရေးအခြေအနေနှင့် စီးပွားရေး၊ လူမှုရေး အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် ရပ်ရွာအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ကူညီလျက်ရှိသော ကျေးရွာဝံသာနုရက္ခိတအဖွဲ့အား အလှူငွေကျပ် ငါးသိန်း ပေးအပ်လှူဒါန်းရာ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ ကျေးရွာဝံသာနုရက္ခိတအဖွဲ့ဝင် (၁၈၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြုံးချို(ထားဝယ်)


Leave a Reply