အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီလုပ်ငန်းနှင့်စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကို နိုဝင်ဘာ (၂၃) ရက် နံနက် ၈ နာရီခွဲက မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။

15171303_576328952564845_6479305084424428025_n

အဆိုပါပွဲသို့ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမျိုးမြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စန်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာများမှ ပါတီခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ လူငယ်များ၊ အမာခံကေဒါများ တက်ရောက်ကြသည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ်သည့်ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲတွင် ပါတီဖွဲ့စည်းပုံစည်းမျဉ်း၊ ပါတီစည်းရုံးရေးလုပ်ငန်း၊ သတင်းနှင့်မီဒီယာလုပ်ငန်းတို့အပြင် လက်ရှိနိုင်ငံရေး အခြေ အနေ တို့ကို တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

သုတ


Leave a Reply