ဗဟိုကော်မတီဝင် ကျောက်ဖြူခရိုင်/မြို့နယ်၊ ရမ်းဗြဲမြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီဌာနချုပ် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှသည် နိုဝင်ဘာ (၁၈) ရက် နေ့လည် (၂) နာရီအချိန်က ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ပါတီကော်မတီဝင် ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဖြူမြို့နယ် ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရမ်းဗြဲမြို့နယ် ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့အား တွေ့ဆုံခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပါတီတွင်းစည်းလုံးရေးကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အခြေအနေများနှင့် ပါတီ၏စည်းရုံးရေး အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။

kyauk-phyu4

ဆက်လက်၍ ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ပါတီကော်မတီဝင်များမှ ဆွေးနွေးတင်ပြခဲ့ကြရာ ဗဟိုကော် မတီဝင် ဦးထွေးလှမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲကို ညနေ (၁၇း၀၀)အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

သန်းမောင်


Leave a Reply