တနင်္သာရီတိုင်းပါတီဥက္ကဋ္ဌ ကော့သောင်းခရိုင်/မြို့နယ်၊ ရပ်/ကျေးပါတီကော်မတီဝင်များနှင့် တွေ့ဆုံမှာကြား

kt4

ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ တနင်္သာရီတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးချစ်​သန်း သည် ယနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက် (၁၀) နာရီအချိန်က ကော့​သောင်းခရိုင်​ ပါတီရုံး၌ ​​ကော့​သောင်း ခရိုင်​/မြို့နယ်​/ရပ်​​ကျေးပါတီ​ကော်​မတီဝင်​များနှင့်​ ရင်းနှီးစွာ​တွေ့ဆုံ၍ ပါတီ၏စည်းရုံး​ရေးလုပ်​ငန်းများ​ လုပ်​​ဆောင်​ရာတွင်​ ပြည်​သူများအကြား ရင်းနှီးစွာဖြင့်​ ထိ​တွေ့စည်းရုံးနိုင်​​ရေး၊ ပါတီတွင်း ဒီမိုက​ရေစီရှင်​သန်​နိုင်​​ရေးအတွက်​ ပွင့်လင်းမြင်​သာမှုရှိ​အောင်​​ ဆောင်​ရွက်​​ရေး၊ ပါတီတွင်း စည်းလုံးညီညွတ်​မှုရှိ​အောင်​​ဆောင်​ရွက်​​ရေး၊ ပါတီ၏မူဝါဒ နှင့်​ ယုံကြည်​ချက်​များအား ပြည်​သူလူထုသိရှိ​အောင်​ ချပြနိုင်​​ရေး၊ အရည်​အချင်းပြည့်​ဝ​သော ပါတီဝင်​များဖြစ်​​စေ​ရး တို့အား ရင်းနှီးပွင့်​လင်းစွာ​ ဆွေး​နွေးခဲ့ပြီး နယ်​​မြေအလိုက်​ စည်းရုံး​ရေးလုပ်​ငန်းးများ​ဆောင်​ရွက်​ရာ၌ ပရဟိတ အဖွဲ့များတွင်​ ပါဝင်​ပူး​ပေါင်း၍ ပြည်​သူအကျိုးပြုလုပ်​ငန်းများတွင်​ ပူး​ပေါင်း​ဆောင်​ရွက်​​ကြရန်​ မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကြူနိုင်


Leave a Reply