ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ မောင်တောရှိ ကူညီထောက်ပံ့ရေးအဖွဲ့၊ ဒုက္ခသည်စခန်းနှင့် တပ်ရင်းတပ်ဖွဲများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

rakhine5

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ နှင့် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ  (ဗဟိုကော်မတီဝင်) နှင့်အဖွဲ့သည် အောက်တိုဘာ (၁၈) ရက် နေ့လည် (၂) နာရီအချိန်က မောင်တောမြို့နယ်အရေးပေါ် ကူညီထောက်ပံ့ရေးအလှူခံအဖွဲ့သို့ (၂၅) သိန်း၊ မောင်တောခရိုင် ထောက်ပံ့ကူညီရေးစီမံခန့်ခွဲမှူအဖွဲသို့  (၂၅) သိန်း၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း ဒုက္ခသည် စခန်းသို့ အလှူငွေ   (၂၅)  သိန်း၊ တပ်မတော်နှင့် တပ်ရင်းတပ်ဖွဲ့များသို့ (၂၅) သိန်း စုစုပေါင်း ကျပ်သိန်း  ၁၀၀  အား အသီးသီး လှူဒါန်းခဲ့ကြောင်းနှင့် ခရိုင်/မြို့နယ်ပါတီ  ဝင်များမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


Leave a Reply