ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်ဝါဆိုသင်္ကန်းကပ်နှင့် ဓာတ်လှေကား တပ်ဆင်လှူဒါန်းခြင်း မင်္ဂလာသို့တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သီရိပျံချီသူရဦးအေးမြင့် သည် ယခုလ ၉ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးမြို့ မဟာသုန္ဒရာ ရာမကျောင်းတိုက် ငါးထပ်ကျောင်း ဆောင်၌ကျင်းပသည့် ရန်ကုန်မြို့နေ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာသာရင်မြတ် မိသားစု က မန္တလေးမြို့ ကျောင်းတိုက် အသီးသီးမှ ဝါဆိုသံဃာတော် အရှင်သူမြတ် ၃၈၈၉ ပါးတို့အား ဝါဆိုသင်္ကန်းနှင့် ဓာတ်လှေကားတပ်ဆင် လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပူဇော်သည်။

thura-u-aye-myint

အဆိုပါအခမ်းအနားသို့ မန္တလေးမြို့ပေါ်ကျောင်းတိုက်ကိုယ်စားပြု ဆရာတော်၊ သံဃာတော်များ အပါး ၃ဝဝ မဟာသုန္ဒရာရာမ ကျောင်းတိုက်ဆရာတော် ဦးအာဝုဓနှင့် ကျောင်းနေသံဃာများ၊ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်များ၊ အလှူရှင် ဒေါက်တာ သာရင်မြတ် မိသားစုနှင့် မန္တလေးစန်းမြတ်ရောင်ခြည် သင်္ကန်းတိုက်မှ ဦးဇော်မင်းဦးမိသားစုနှင့် စန်းမြတ်ရောင်ခြည် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယက ဆရာတော်က ရေစက်ချ အမျှပေး ဝေခဲ့ကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply