ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ပါတီအကြီးအကဲများနှင့် ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ (၁၈) ရက် နံနက် (၉) နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

14390718_430455440462922_7057835873200095571_n

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပါတီဥက္ကဌ ဦးသန်းဌေး၊ ဒုတိယဥက္က္ကဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးမြင့်စိုး၊ ဦးဝေလွင် နှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး အပါအဝင် ပါတီအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် ခရိုင် ၄ ခရိုင်မှ ပါတီဥက္ကဌနှင့် အတွင်းရေး မှူးများ၊ မြို့နယ် ၄၅ မြို့နယ်မှ ပါတီဥက္ကဌ နှင့် အတွင်းရေးမှူးများ၊ ဘဏ္ဍရေးမှူးများ၊ မြို့နယ်ပါတီ ကော်မတီ ဝင်များနှင့် ရပ်ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၆၀၀ ဦးကျော် တက်ရောက်ကြပြီး ပါတီ လုပ်ငန်း အဆင့်ဆင့်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။


Leave a Reply