သံတွဲပြည်ခိုင်ဖြိုးပါတီမှ ဓမ္မကျောင်းသား/သူများအား အဟာရဒါနလှူဒါန်းမှုပြု

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် ပါတီကော်မတီဝင်မျာ၊ အံတော်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသန်းလှ (အရံကော်မတီဝင်)နှင့် ပါတီဝင်( ၁၈)ဦးတို့သည် စက်တင်ဘာ (၁၈) ရက် နံနက် (၇)နာရီချိန်တွင် အံတော်ကျေးရွာ အံတော်တောင်ပေါ်ကျောင်း၌ ကျောင်းသား ကျောင်းသူ (၁၀၄)ဦးဖြင့် ဖွင့်လှစ်ထားသော တနင်္ဂနွေ ဓမ္မကျောင်းတော်သို့ သွားရောက်၍ အာဟာရဒါန ရခိုင်မုန့်တီ လှူဒါန်းခဲ့ကြသည်။

လှူဒါန်းမှုအပြီးတွင် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဥက္ကဋ္ဌမှ ဝမ်းသာကြည်နူးကြောင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

၎င်းနောက် နံနက် (၉) နာရီတွင် ဥက္ကဌနှင့် ပါတီဝင်များသည် အံတော်ကျေးရွာ ဘုရားလှကြီးတိုက်ကျောင်း၌ ကျောင်းသား ကျောင်းသူ (၁၈၀)ဦးဖြင့် ဖွင့်လှစ် သင်ကြားနေသော တနင်္ဂနွေနေ့ ဓမ္မကျောင်းတော်သို့ သွားရောက်၍ အာဟာရ ဒါန ရခိုင်မုန့်တီ လှူဒါန်းခဲ့ကြပြီး ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခြင်းကို ဥက္ကဌမှ လက်ခံ၍ လှူဒါန်းမှုများအား အမျှပေးဝေခဲ့ကြသည်။

# သရဏဂုံ


Leave a Reply