Helio 10-core processor သုံးထားသည့် Redmi Note 4 ပြည်တွင်း ဈေးကွက်ဝင်

 14237511_1509960582363315_1685940410072415983_n

Xiaomi မှ အသစ်ထပ်မံ မိတ်ဆက်လိုက်သည့် Helio 10-core processor အသုံးပြုထားသည့် Redmi Note 4 ကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။

အဆိုပါ စမတ်ဖုန်းသည် GSM နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သည့် Dual-SIM အမျိုးအစား ဖုန်းဖြစ်ပြီး 2G/3G နှင့် 4G ကွန်ရက်များအထိ ထောက်ပံ့ပေး နိုင်ကြောင်း သိရသည်။ မြင်ကွင်း အရွယ်အစား ၅.၅ လက်မရှိပြီး အမြန်နှုန်း 2.1 GHz ရှိသည့် Deca-core CPU ကို တပ်ဆင်ထားသည်။

3GB RAM နှင့် သိုလှောင်မှု 64GB Internal ပါဝင်ကာ 256GB ထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ လက်ဗွေလုံခြုံရေး စနစ်လည်း ထောက်ပံ့ပါဝင်ပြီး ဘက်ထရီမှာ Li-Po 4100 mAh ကို ထည့်သွင်းထား သည်။ အဆိုပါ Redmi Note 4 စမတ်ဖုန်း၏ တန်ဖိုးမှာ ၂၁၉, ၅ဝဝ ကျပ် ရှိမည် ဖြစ်သည်။


Leave a Reply