“ရာဇသင်္ဂဟဖောင်ဒေးရှင်း” မှ သက်ကြီးဘိုးဘွားများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက၊ နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် ဦးဆောင်သော ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ သက်ကြီးဘိုးဘွားများဖြစ်သော မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ငါလင်းပုတ်ကျေးရွာတွင် နေထိုင်သူအဘ ဦးပေါ်ဦး အသက်တစ်ရာနှစ်နှင့် ညောင်ဦးမြို့နယ် သာယာအေးကျေးရွာရှိ အဘဦးကြီးဖြူ အသက်တစ်ရာနှစ်တို့ အား ငွေကျပ် နှစ်သိန်းစီ လှူဒါန်းခဲ့ပါသည်။

အဆိုပါလှူဒါန်းငွေအား မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် နှင့် တိုင်း/ခရိုင်/မြို့နယ် ရပ်ကျေးပါတီ ကော်မတီဝင်များမှ သြဂုတ်လ (၃၀) ရက်နေ့က သွားရောက် လှူဒါန်း ကန်တော့ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Credit – Myo Kyaw Zin


Leave a Reply