တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်

ယခုနှစ် မတ်လတွင်ကျင်းပခဲ့ သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စာစစ်ဌာနမှ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြာ ပို့ချခဲ့သည့် ဆရာ ဆရာမများ၊ မြို့ နယ်အောင်ချက်အကောင်းဆုံးဆု (ပထမ၊ဒုတိယ၊ တတိယ) ရရှိသည့် ကျောင်းများနှင့်ဘက်စုံပညာထူးချွန် လူငယ်ဆုရရှိသူများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ဇူလိုင် (၃၁) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သျှရီဘုသ်နာသ် ဟိန္ဒူဘုရားကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စာရေးဆရာ ကြီး တက္ကသိုလ်ဦးမြတ်သူ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ မြို့နယ်ပါတီအတွင်းရေး မှူး ဦးဝင်းလှိုင် တို့က ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား အတွက် အလှူငွေလှူဒါန်းသော အလှူရှင်နှစ်ဦးအား တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် တက္ကသိုလ် ဦးမြတ်သူ၊ ခရိုင်ပါတီကော်မတီဝင် ဒေါက်တာကျော်စိုး၊ ဒေါက်တာ စောလှထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦမြတ်ကိုထွေး၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်ပြန်/ ဆက်ဦးစီးဌာနဦးစီးမှူး၊ မြို့နယ်ပါတီနာယက ဦးငွေ၊ မြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဒေါ်မေနွယ်စိုးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအနက် အောင်ချက် အကောင်းဆုံးဆုတံဆိပ် (ပ၊ဒု၊တ)၊ ဂုဏ်ထူးရဘာသာ အများဆုံးရရှိ အောင်သင်ကြားပို့ချခဲ့သည့် ဆရာ ဆရာမများနှင့် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ (၁၁၄) ဦးနှင့် ဘက်စုံ ပညာထူးချွန်လူငယ်(နဝမတန်း) တစ်ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆု ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက်ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မဆုဝင့်ဝင့်ထွန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ပြီ မြောက် ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)


Leave a Reply