မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို သြဂုတ်လ (၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က မကွေးမြို့ တိုင်းပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ သူရဦးအေးမြင့် တက်ရောက်ခဲ့သည်။

13906832_1163422147012661_6553708247356395075_n

အစည်းအဝေးသို့ ဗဟိုအလုပ်မှုဆောင် ဦးအောင်ထွန်း၊ ဗဟိုအတွင်းရေမှူးများ ဖြစ်သော ဦးပိုက်ထွေး နှင့် ဒေါက်တာ မောင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဘုန်းမော်ရွှေနှင့် အတူအတွင်းရေးမှူး ဦးကြည်ထွန်း၊ တွဲဘက်အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ တိုင်းပါတီ ပြန်လည် ပြင်ဆင်ရွေးချယ်ရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား ၁၆၀ ခန့်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးလူငယ်များမှ ပြည်ခိုင်ဖြိုး အဖွင့်သီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီးနောက် သဘာပတိအဖွဲ့မှ နေရာယူကာ အခမ်းအနားကို စတင်ဖွင့်လှစ်ပါသည်။ ထို့နောက် သဘာပတိမှ အဖွင့်အမှာစကား ပြောကြား ကာ၊ ဒုတိယဥက္ကဌ သူရဦးအေးမြင့် မှ အမှာစကား ပြောကြားပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၅ -၂၀၁၆ ပညာသင်နှစ် အခြေခံပညာအထက် တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ/ကျောင်းသားများအား ဆုများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် အစည်းဝေးကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ပါတီ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင် ခံစာတင်ပြခြင်းနှင့် အစုအဖွဲ့ အလိုက် စာတမ်းများကို ဖတ်ကြားသွားပါသည်။ ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်အသစ်များနှင့် အရံတိုင်းဒေသကြီးပါတီကော်မတီဝင် အသစ်များ၏ အမည်စာရင်းတင်သွင်းခြင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ အမည်စာရင်းအဆိုပြုတင်းသွင်းခြင်း၊ အတည် ပြုခြင်း၊ ကြေညာခြင်းများကို ဆောင်ရွက်ကာ အခမ်းအနားကို ခေတ္တရပ်နားပါသည်။

13903436_1163422217012654_8124884421888208277_n

ထို့နောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ပြန်လည်စတင်ရာ ခရိုင် ကော်မတီဝင်းများနှင့် မြို့နယ်ကော်မတီဝင်များ၏ အမည်စာရင်းကို ကြေညာခြင်း၊ အတည်ခြင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်(အသစ်)များ၊ အရံကော်မတီဝင် (အသစ်)များ အမည်စာရင်းကြေညာခြင်း၊ အတည်ပြုခြင်း၊ ရွေးချယ်ထားသည့် တိုင်းဒေသကြီး ပါတီဥက္ကဌ(၃)ဦး၊ အတွင်းရေးမှူး(၃)တို့၏ လျာထားအမည်စာရင်းအား ပါတီဌာနချုပ်သို့ တင်ပြရန် ကြောညာခြင်း၊ အတည်ပြုခြင်း၊ တိုင်းဒေသကြီးပါတီကော်မတီ၏ ဘဏ္ဍာရေးမှူး အမည်စာရင်း အား ကြေညာခြင်းအတည်ပြုခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းခံရသော ကော်မတီဝင်(အသစ်) နှင့် အရံကော်မတီဝင်(အသစ်)များအား ကတိသစ္စာ ပြုခြင်းများ ဆောင်ပါသည်။ ဆက်လက်၍ သဘာပတိကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို နေ့လည် ၁၂း၄၅ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ အောင်ရမည်ဟု ကြွေးကြော်သံများဖြင့်ရုပ်သိမ်းခဲ့ပါသည်။

လေးမောင် (ဆိပ်ဖြူ)


Leave a Reply