မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးလူငယ် စကားဝိုင်းကျင်းပ

 

ရန်ကုန် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်စာပေ စကားဝိုင်းအား ယမန်နေ့ နံနက် ၉ နာရီခွဲတွင် မြို့နယ်ပါတီ ကော်မတီရုံးတွင် စတင်ကျင်းပကြောင်း သိရသည်။

အခမ်းအနားအား ရန်ကုန်အရှေ့ပိုင်း ခရိုင်ဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်အတွင်းရေးမှူး နယ်မြေတာဝန်ခံ ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်ခေါင်းဆောင် ဒေါ်ယဉ်ချောလှိုင်၊ ဒေါက်တာစိုးမင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းထိုက် နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့နယ်လူငယ်ခေါင်းဆောင် ဒေါ်သင်းသင်းကြူနှင့် ၁၉/ ရပ်ကွက်ရှိ လူငယ်များ စုစုပေါင်း အင်အား ၇ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနား အစီအစဉ်အရ ခရိုင်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဒေါက်တာစိုးမင်းက ယနေ့လူငယ်များ၊ နောင်ဦးဆောင်မည့် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှ လူငယ်များ၊ ဘာသာရေး အသိပြု ပြင်ပြောင်းလဲမှု ခရိုင် အတွင်းရေးမှူးက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၅၉ ပုဒ်မမှ သိသင့်သော အချက်အလက်များ ဆွေးနွေးကြပြီး လူငယ်များမှ သိရှိလိုသည့် အချက်အလက်များကို မေးမြန်းကြရာ ခရိုင်ပါတီဥက္ကဋ္ဌက နိုင်ငံသားတိုင်း ထားရှိသင့်သည့် မျိုးချစ်စိတ်ကို အခြေခံမည့် အမျိုးသားနိုင်ငံရေး အကြောင်းများ ဆွေးနွေးပြီး နံနက် ၁၁ နာရီခွဲတွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   အေးမင်းဇော်(မြောက်ဥက္ကလာ)