ထိုင်းဂေါက်သီးမယ် ဗြိတိသျှအိုးပင်းဆွတ်ခူး

161646465

ဗြိတိသျှအိုးပင်း အမျိုး သမီးဂေါက်သီးရိုက် ပြိုင်ပွဲတွင် ထိုင်းဂေါက်သီးမယ် အရီယာဂျူ တာနူဂန်သည် အဓိကဆုဖလား ကြီးတစ်လုံးကို ရယူခဲ့သော ပထမဆုံး ထိုင်းဂေါက်သီးမယ်ဖြစ်လာ ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။

ဂျူတာနူဂန်သည် နောက်ဆုံးနေ့တွင် ၇၂ ချက် ရိုက်ခဲ့ပြီး စုစု ပေါင်းရိုက်ချက် ၂၇၂ ချက်အနက် ၁၆ ချက်လျှော့ဖြင့် ဗြိတိသျှအိုး ပင်းဆုဖလားရယူခဲ့သည်။

ဂျူတာနူဂန် (၂၀) နှစ်သည် နောက်ဆုံးနေ့ပြိုင်ပွဲတွင် တောင် ကိုရီးယားမှ မီရင်းလီကို နှစ်ချက်လျှော့ဖြင့် ဦးဆောင် အသာရနေခဲ့ ပြီး ပထမကိုးကျင်းရိုက်ပြီး နောက်ငါးချက်လျှော့ဖြင့် ဦးဆောင်ခဲ့ သည်။

၁၃ ကျင်းမြောက်တွင် နှစ် ချက်ပိုရိုက်ခဲ့၍ တောင်ကိုရီးယား ဂေါက်သီးမယ်နှင့် တစ်ချက်သာ ကွာဟခဲ့သည်။ သို့သော် ၁၇ ကျင်းမြောက်တွင် တစ်ချက် လျှော့ရိုက်နိုင်ခဲ့သဖြင့် ချန်ပီယံဆုရယူရန် သေချာခဲ့ပြီး နောက်ဆုံးကျင်းကို သတ်မှတ်ရိုက်ချက်အတိုင်း ရိုက်၍ အဓိကဖလား ရရှိသွားသော ထိုင်းဂေါက်သီး မယ်အဖြစ် သမိုင်းသစ်ရေးထိုး နိုင်ခဲ့သည်။

‘‘ဒါဟာ ကျွန်မအတွက်နဲ့ ထိုင်းဂေါက်သီးလောကအတွက် အလွန်ပဲ အရေးကြီးပါတယ်’’ဟု ချန်ပီယံက ပြောသည်။

ဂျူတာနူဂန်၏ နောက်ပစ် မှတ်တစ်ခုသည် ဘရာဇီးအိုလံပစ်ပြိုင်ပွဲဖြစ်သည်။

—Ref: AFP/BBC


Leave a Reply