ဗန်းမော်ခရိုင်ပါတီ မျက်နာစုံညီ အစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပပြီးစီး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နာစုံညီအစည်းအဝေးးကို ဇူလိုင်လ (၂၉) ရက် နံနက် (၉) နာရီ (၃၀) မိနစ်နာရီက ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြီးစီးခဲ့သည်။

13738073_1051673754870274_1645420440294297714_o

အစီအစဉ်အရ သဘာပတိ ခရိုင်ပါတီနာယက ဒေါက်တာဦးထွန်းလွင်က အမှာစကားပြောကြားခြင်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးသန်းဇော်လေးက လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ခရိုင်ပါတီ ကော်မတီဝင်ဟောင်းများ နှုတ်ထွက်ခြင်းများ ဆောင်ရွက်ပြီး ပထမပိုင်း အခမ်းအနားပြီးဆုံးခဲ့သည်။

ဆက်လက်ပြီး ဒုတိယပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပရာတွင် ခရိုင်ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဏာရေးမှူး၊ ကော်မတီဝင်များအား ဆက်လက် ရွေးချယ် ခဲ့သည်။ မဲပေးခွင့်ရှိသူ ၃၃ ဦးအနက် ဦးသန်းဇော်လေးမှ ၁၆ မဲဖြင့် ခရိုင်ပါတီဥက္ကဌအဖြစ်လည်းကောင်း၊ ဒေါ်ဝိုင်းမှ ၁၅ မဲဖြင့် ခရိုင်ပါတီ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ဦးကျော်စွာဝင်းမှ ၁၈ မဲဖြင့် ခရိုင်ပါတီ ဘဏ္ဏာရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခံရကြောင်း သတင်းရရှိသည်။

Usdp Kachin State


Leave a Reply