အထွေထွေအတွင်းရေးမှူး မကွေးတိုင်း/ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များအား တွေ့ဆုံ

13178637_229185064125950_5239223601658359807_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် အတွင်းရေးမှူးများဖြစ်ကြသော ဦးပိုက်ထွေး၊ ဒေါက်တာဦး မောင်မောင်ဌေးတို့သည် မေလ (၄) ရက် နေ့လည် (၁) နာရီအချိန်က နာရီတွင် မကွေတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး ထို့နောက် (၁၃းဝဝ)နာရီတွင် တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခမ်းမတွင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး(ငြိမ်း)များ၊ လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)များ၊ တိုင်းပါတီကော်မတီဝင်များ စုစုပေါင်း  (၁၅ဝ) ဦးနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းမှ ရွေးကောက်ပွဲတွင် အနိုင်မရသည့် အချိန်မှစ၍ ပါတီဗဟိုကော်မတီမှ ပညာရှင်များ၊ အဖွဲ့အစည်းအသီးသီးများ၊ မီဒီယာအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ လူငယ်ရေးရာကော်မတီဝင်များနှင့် တွေ့ဆုံတိုင်ပင်ပြီး ခိုင်မာသည့် ပါတီကြီးဖြစ်ရန် အသွင်သဏ္ဍာန်နှင့် အနှစ်သာရပါ ပြောင်းလဲပြီး ပြန်လည်ဖွဲ့စည်းနိုင်ရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် တိုင်း/ခရိုင်/မြို့နယ်ပါတီများ၏ ဖွဲ့စည်းပုံများ၊ ရှေ့လုပ်ငန်းစဉ်များအား လမ်းညွှန်ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေမှ လာမည်ရွေးကောက်ပွဲတွင် မိမိပါတီအနိုင်ရရှိရေး၊ ပါတီတွင်း/ပြင်ပစည်းလုံးညီညွတ်ရေး၊ ကျစ်လစ်ခိုင်မာသည့် ပါတီကြီးဖြစ်ရေးအတွက် ယခုမှစ၍ ဆောင်ရွက်ကြရန်နှင့် ပါတီ၏ပုံရိပ် ထင်ရှားပေါ်လွင်ရေး၊ ပါတီနိုင်ငံရေးအား အားသွန်ခွန်စိုက် လုပ်နိုင်ရေးအတွက် နိုင်ငံရေးသမားများအဖြစ် ပီပီပြင်ပြင် ဆက်လက်ဆောင်ရွက်ကြရန် မှာကြား ပါသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော ပါတီဗဟိုကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီ အတွင်းရေးမှူးများနှင့် ပါတီဝင်များ၏ တင်ပြချက်များအား ပါတီအထွေထွေအတွင်းရေးမှူး နှင့် အတွင်းရေးမှူးများမှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးပါတီ ရွေးချယ်ရေးကော်မတီများ၊ တိုင်းပါတီကော်မတီဝင်များနှင့်  တွေ့ဆုံ၍ ပြန်လည်ဖွဲ့စည်းရာတွင် ကြီးကြပ်ဆောင်ရွက်ရေး လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

Photo –Yawmin Thar


Leave a Reply