ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗဟန်းမြို့နယ်ရှိ တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ဇူလိုင်လ (၁၇) ရက်နေ့ နံနက် ၁ဝ နာရီတွင် (၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူသည်။ 

YGN Waso

အခမ်းအနားတွင် ဆုထူးပန် ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးနန္ဒမာနှင့် ဆရာတော်သံဃာ တော်များထံမှ ငါးပါးသီလခံယူ ခြင်း၊ မေတ္တသုတ်တရားတော်၊ ရေစက်ချတရားတော်များနာယူပြီး အာဇာနည် ခေါင်းဆောင်ကြီးများ အားမေတ္တာပို့အမျှပေးဝေသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီကော်မတီဝင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ကပ်လှူပြီး နေ့ဆွမ်းများ ကပ်လှူပူဇော် ကြောင်းသိရသည်။

ဖိုးချို(ယူနီယံ) 


Leave a Reply