သီပေါမြို့နယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝေဟင်ဓာတုဓမ္မ စေတီတော်မြတ်ကြီးတွင် (၈) ကြိမ်မြောက် သီပေါမြို့လုံးကျွတ် သီလရှင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ဇူလိုင်လ (၁၂) ရက် မွန်းလွဲ (၂) နာရီအချိန်က ကျင်းပရာ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်အောင် ဦးစီးသော မြို့နယ်ပါတီကော်မတီများ၊ စည်းရုံးရေးမှူးနှင့် ပါတီဝင်များ၊ ပါတီရုံးဝန်ထမ် များမှ သိီလရှင် (၄၁၅) ပါးအတွက် ဆွမ်းဆန် (၅ )အိတ် လောင်းလှူခဲ့ကြသည်။

THiBaw3

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သီပေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ များမှ အလှူရှင်များ၊ စေတနာရှင်များ၏ ကုသိုလ်ဖြင့် ငွေသားအလှူငွေကျပ် ၅၇ သိန်းကျော်၊ ဆွမ်း ဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းတန်ဘိုး ကျပ် ၄၃သိန်းခန့် လောင်းလှူနိုင်ခဲ့ပြီး သီလရှင်ကျောင်း (၁၈) ကျောင်းမှ သီလရှင် (၄၁၆) ပါး အား လောင်းလှူပူဇော်နိုင်ခဲ့ကြောင်း သိရသည်။

Wai Mar Hein


Leave a Reply