အခွန်လုပ်ငန်းတွင် စာရွက်စာတမ်းစနစ်မှ အိုင်တီစနစ်သို့ပြောင်းလဲမည်

အခွန်ကောက်ခံမည့် ရုံးလုပ်ငန်းများလုပ်ဆောင်ရာတွင် မြန်ဆန်သွက်လက်စေရန် ရေရှည်စီမံကိန်းဖြင့် စာရွက်စာတမ်းစနစ်(Paper Base)ဖြင့် လုပ်ဆောင်ခြင်းမှ အိုင်တီနည်းပညာစနစ်သို့ ငါးနှစ်အတွင်း ပြောင်းလဲနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ထိုသို့စနစ်ပြောင်းလဲခြင်းကို ပြီးခဲ့သည့်နှစ်မှစတင်၍ လုပ်ဆောင်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင် အသုံးပြုနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

“အခွန်ကောက်ခံမှုကို ဒီထက်ကောင်းအောင်လုပ်နေတာပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ထိုသို့ အခွန်ရုံး၏ ကြပ်မတ်လုပ်ဆောင်လာမှုများကို ကြိုဆိုရမည်ဖြစ်သော်လည်း ယခုထက် ပွင့်လင်း မြင်သာမှုရှိရန်နှင့် ပုဂ္ဂလိကနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များက ပြောကြား သည်။

လက်ရှိ အခွန်စနစ်ပြောင်းလဲရေးနှင့် အခွန်ဥပဒေများ ပြောင်းလဲရေးတို့အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနက နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊ အာရှဖွံဖြိုးရေးဘဏ်(ADB) တို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ အကြံဉာဏ်များရယူခြင်းတို့ လုပ်ဆောင် လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice


Leave a Reply