သင်မသိနိုင်သေးတဲ့ ခရမ်းချဉ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ခု

lamsatoki_1425557546

ခရမ်းချဉ်သီးဟာ အစိမ်းပဲစားစား၊ ချက်ပဲစားစား အရသာရှိတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အောက်ပါ အကြောင်းရင်း တွေကြောင့် ခရမ်းချဉ်သီးဟာ အမြဲစားပေးဖို့ လည်း လိုအပ်တဲ့ ဟင်းသီးဟင်းရွက်ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

၁။ ခရမ်းချဉ်သီးတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

၂။ သွေးထဲ သကြားပါဝင်နှုန်းကိုလည်း လျော့နည်းစေတယ်။

၃။ သွေးကြောပိတ်ခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၎။ DNA ပျက်ဆီးခြင်းမရှိအောင်လည်း ကာကွယ်နိုင်တယ်။

၅။ ခရမ်းချဉ်သီးရည်ကို ဆံပင်မှာ လိမ်းပေးရင် ဆံပင် သန်ပြီး တောက်ပစေတယ်။

၆။ အရိုးအဆစ်တွေကိုလည်း သန်မာစေတယ်။

၇။ ခရမ်းချဉ်သီးကွင်းလေးတွေကို မျက်နှာမှာ ၅ မိနစ်ခန့် တင်ထားလိုက်ရုံနဲ့ အသားအရေကို သန့််ရှင်းစေတယ်။

၈။ ကင်ဆာရောဂါတွေ ဖြစ်စေတဲ့ ကာဆီနိုဂျင်ရဲ့ သက်ရောက်မှုတွေကို တိုက်ဖျက်ပေးတယ်။

၉။ အမြင်အာရုံလည်း ကောင်းမွန်စေတယ်။

၁၀။ ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက် သောက်သုံးရင် နှလုံးရောဂါနဲ့ အရိုးပွခြင်းတို့လို ဆေးမတိုးတဲ့ ရောဂါတွေ ကို ဖြစ်စေတဲ့ TNF-alpha  ပါဝင်မှုနှုန်းကို လျှော့ချပေးတယ်။

ဖိုးသူတော် (www.phothutaw.com) Credit  : Duwun


Leave a Reply