မိုးကောင်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းရေး ကျင်းပပြီးစီး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၉) ရက် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်မှ ညနေ (၅) နာရီအချိန်အထိ မြို့နယ်ပါတီရုံးတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်ဝင်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးတင်ဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကိုယ်စားလှယ်များ စုစုပေါင်း အင်အား (၁၄၀) ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် မြို့နယ်ပါတီကော်မတီအား ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ရာ မိုးကောင်းမြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးထွန်းထွန်းအောင်၊ အတွင်းရေးမှူးအဖြစ် ဦးပြည့်ဖြိုးမင်း၊ ဘဏ္ဍာရေးမှူး အဖြစ် ဒေါ်လီလီဆွေ တို့အား ရွေးချယ် ခဲ့ကြောင်း သတင်းရရှိသည်။
Credit – ငမွေ တိုး