မိုးညှင်းမြို့နယ် ရပ်/ကျေးစုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးညှင်း (နိုဝင်ဘာ – ၁၅)

မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပါတီရုံးတွင် ၁၅.၁၁.၂၀၁၇ ရက်နေ့ ၁း၀၀ နာရီအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ပါသည်။

အဆိုပါ ရပ်/ကျေးစုံညီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၊ ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်း၊ မိုးညှင်းခရိုင် ပါတီကော်မတီဥက္ကဌ ဦးစိန်ဝင်းထွန်း၊ အတွင်းရေးမှူး ဦးစိန်ဝင်၊ ခရိုင်ကော်မတီဝင်များ၊ တွဲဘက်ကော်မတီများ မိုးညှင်းမြို့နယ် အတွင်းရေးမှူး ဦးဌေးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ တွဲဘက်ကော်မ တီဝင်များ ၊ ဒေသတာဝန်ခံများ တက်ရောက်ပြီး ပါတီလုပ်ငန်းပိုင်းဆိုင်ရာ များ အပြန်အလှန်ဆွေးနွေးရာ တက်ရောက်အင်းအား ၆၃ ဦး တက် ရောက်ကြောင်း သိရပါသည်