မိုးမိတ်ခရိုင်ပါတီ မျက်နှာစုံညီစည်းဝေးနှင့် ခရိုင်ကော်မတီပြန်လည်ရွေးချယ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၆) ရက်က ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး နှင့် ကျောက်မဲခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့် တို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

KMM5 KMM6

အခမ်းအနားတွင် မိုးမိတ်ခရိုင် ပါတီကော်မတီဝင်များအား ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ရာ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစိုးမြင့်၊ အတွင်းရေးမှူး ဦးမြင့်လှိုင်၊ ဘဏ္ဏာရေးမှူး ဦးစောဦး နှင့် ခရိုင်ကော်မတီဝင်များအဖြစ် ဒေါက်တာ မောင်တီ၊ ဦးစိုင်းကြည်ထွန်း၊ ဦးထွန်းထွန်းအောင်၊ ဦးတိုးမြင့်အောင်၊ ဦးကျော်ကျော်၊ ဒေါ်ခင်ဝိုင်းချစ်တို့အား လည်းကောင်း၊ အရန်ကော်မတီဝင် များအဖြစ် ဦးသိန်းအောင်၊ ဦးဆန်ခန့်၊ ဦးထွန်းဦး၊ ဦးလာဒီး၊ ဦးမောင်မောင်ချို၊ ဦးကံရွှေ၊ ဦးခင်မောင်ရွှေ၊ ဦးဇော်မင်းနောင်၊ ဦးအောင်ကျော်ဦး တို့အား မဲပေးရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Khin Moe Moneik


Leave a Reply