မိုင်းပျဉ်းမြို့နယ်ပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် (၆) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် မိုင်းပျဉ်းမြို့နယ်ပါတီကော်မတီအား ပြန်လည် ရွေးချယ် ဖွဲ့စည်းခဲ့ရာ တက်ရောက် လာကြသူများ၏ ဆန္ဒသဘောထားများဖြင့် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအုန်းဖေ၊ အတွင်းရေးမှူး ဒေါ်နန်းကိန်နွန်း၊ ဘဏ္ဍာရေးမှူး ဒေါ်နန်းကိန်ဟွမ် အပါအ၀င် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန် မြို့နယ်ပါတီ ကော်မတီဝင်များ စုစုပေါင်း (၃၀)ဦးအား ရွေးချယ်တင်မြောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းဓါတ်ပုံ;#MinePyinLion
ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတင်းစုံ