Google Search Box မှာ “Internet Speed Test” ဟုရိုက်ကာ မိမိ အင်တာနက်အမြန်နှုန်း ကို စမ်းသပ်နိုင်မည်

Google မှ Search Box တွင် Speed Test ဟုရိုက်ခြင်းဖြင့် အင်တာနက် အမြန်နှုန်း အားသိရှိနိုင်မည့် ၀န်ဆောင်မူ တစ်ရပ်အားစတင်ခဲ့ကြောင်း သိရသည်။

Internet Speed

Google အနေဖြင့် ယခုကဲ့သို့ Speed Test သည့် ၀န်ဆောင်မူအား ကိုယ်ပိုင်ပြုလုပ်ရခြင်းမှာ Search Box တွင် “Check Speed Test” ရှာဖွေကြသူ များပြားသော ကြောင့်ဖြစ်သည် ဟုသိရသည်။

အမြန်နှုန်းအားပြသရာတွင် Mbps Unit ဖြင့် ပြသမည်ဖြစ်ပြီး Upload နှင့် Download Speed တို့ပါ ပြသပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းဝန်ဆောင်မူအား Ookla အမည်ရှိ အင်တာနက်အမြန် နှုန်းစမ်းသပ်သည့် ၀က်ဘ်ဆိုက်တစ်ခုနှင့် ပေါင်းစပ်ကာပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Internet speed အားပြသရာတွင် IP လိပ်စာ နှင့် တည်နေရာအား ပြသမည်ဖြစ်ပြီး တိကျသော အမြန်နှုန်းအား သိရမည်ဖြစ်ကြောင်း The Verge သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းအမြန်နှုန်းစမ်းသပ်သည့် ၀န်ဆောင်မူအား ပထမဆုံးအသုံးပြုသည့် Twitter အသုံးပြုသူ Pete Meyers သည် သူ၏ Twitter Account ပေါ်သို့ Share ခဲ့ကြောင်းနှင့် Share သည့်အခါတွင် အခြား အမြန်နှုန်းစမ်းသပ်သည့် ၀န်ဆောင်မူများနှင့်မတူသော်လည်း ပြည့်စုံတိကျစွာ ဖော်ပြပေးကြောင်း ယင်းမှ ထပ်မံရေးသားခဲ့ကြောင်းသိရသည်။

Ref: The Verge

Democracy today


Leave a Reply