Sailor Moon ဖုန်းနဲ့ selfie stick ကို Meitu ဖြန့်ချိ

နာမည်ကျော် selfie app ကိုဖန်တီးတဲ့ တရုတ်ကုမ္ပဏီ Meitu ဟာ Sailor Moon ပရိသတ်တွေအတွက် M8 စမတ်ဖုန်း special edition တစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။

Meitu M8 ဟာ selfie အသားပေးစမတ်ဖုန်းဖြစ်ပြီး အရှေ့ဘက်ကင်မရာက 12-megapixel Sony ကင်မရာ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ 21-megapixel Sony ကင်မရာကို တပ်ဆင်ထားပါတယ်။

Display က ၅.၂ လက်မဖြစ်ပြီး Helio X20 processor ကို အသုံးပြုထားပါတယ်။ ဘက်ထရီက 3,000mAh ဖြစ်ပါတယ်။ Sailor Moon ပရိသတ်တွေအတွက် Moon Stick ပုံစံ selfie stick တစ်ခုလည်း ပါဝင်ပါတယ်။

ဒီစမတ်ဖုန်းကို အပြာရောင်၊ အနီရောင်၊ အဖြူရောင်၊ ပန်းရောင်တို့နဲ့ ရရှိနိုင်သလို Hello Kitty Edition နဲ့လည်း ရနိုင်ပါတယ်။

တန်ဖိုးက ၄၃၅ ဒေါ်လာဝန်းကျင်ဖြစ်ပြီး အလုံးရေ ၁၀,၀၀၀ သာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: TheVerge