ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သန်လျင်မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက် အားပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ရတနာခန်းမ၌ ဇွန်လ (၃၀) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည့် မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဌ ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းပါတီ ကော်မတီဝင်များ၊ တောင်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးလွင်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ သန်လျင်မြို့နယ်ပါတီ အတွင်းရေးမှူးဦးကျော်မင်းနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်ကွက်ကျေးရွာ(၄၅)ခုမှ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

13532894_835285473271533_387956805998832892_n 13516655_835163573283723_693140716709827680_n

အခမ်းအနားတွင် သဘာပတိမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပါတီ၏ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ အစုအဖွဲ့များမှ တင်ပြခြင်းနှင့် တင်ပြမှုများအပေါ် မြို့နယ်ပါတီမှ ပြန်လည်ရှင်းလင်းဆွေးနွေးကြကာ မြို့နယ်အလုပ်အမှုဆောင်များအားလုံ ရာထူးမှနှုတ်ထွက်ကြောင်း ကြေညာပြီး အခမ်းအနား ပထမပိုင်းကို ခေတ္တရပ်နားခဲ့သည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌမှ ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ် များမှ မိမိတို့ဆန္ဒအတိုင်း လျှို့ဝှက် ဆန္ဒမဲပေးကြသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးအပါအ၀င် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များကို ရွေးချယ်အတည်ပြု၍ ရွေးချယ်ခံရသူများမှ ကတိသစ္စာပြုကာ အခမ်းအနား ကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


Leave a Reply