လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်း အဝေးကို ယနေ့ (ဇွန်လ ၃၀ ရက်) နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကြီးကြပ်အဖွဲ့ခေါင်းဆောင် ဦးကိုရယ်နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးခီးရယ်၊ ဦးပီမောင်စိုး၊ ဦးပိုးရယ် အောင်သိန်း၊ ဦးစောကလိုမှူး၊ ပြည်နယ်ပါတီ ကော်မတီဝင် ဦးလူရယ်ဖိုးလူ နှင့်အဖွဲ့ လွိုင်ကော်ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား (၉၀) ဦး တက်ရောက်ကြသည်။
ပထမဦးစွာ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူမှ အဖွင့်အမှာစကား ပြောကြား ပြီး ပြည်နယ်ပါတီ ပြန်လည်ပြင်ဆင်ရွှေးချယ်ရခြင်းအကြောင်းကို အဖွဲ့ ခေါင်းဆောင် ဦးကိုရယ်မှ ရှင်းလင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် လွိုင်ကော်မြို့နယ်ပါတီကော်မတီကို ပြန်လည်ရွေးချယ်ကြ ရာ ဥက္ကဋ္ဌအဖြစ် ဦးမောင်ရွှေ၊ အတွင်းရေးမှူးအဖြစ် ဦးကူးရယ်၊ ဘဏ္ဍာ ရေးမှူး အဖြစ် ဦးလင်းမြတ်ဦး နှင့် မြို့နယ် ကော်မတီဝင်များအဖြစ် ဦးစူးရယ်၊ ဦးမိုးဇယ်၊ ဦးတင်မြင့်၊ ဦးမောင်ကြီး၊ ဦးဘိုဘိုမင်းဇော်၊ ဒေါ်စောမြ၊ ဒေါ်ချိုချိုလွင်၊ ဒေါ်ခင်သန္တာထွန်း၊ ဒေါ်နန်းလှရီ၊ ဦးမင်းဇော်ဦး၊ ဦးမြင့်ဦးတို့ကို ရွေးချယ်ခဲ့ပြီး အရန်ကော် မတီဝင် (၁၆) ဦးကို ရွေးချယ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ အဖြစ် ရွှေးချယ်ခံရသူ ဦးမောင်ရွှေ က လှိုက်လဲစွာ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး နံနက် (၁၁း၀၀) နာရီတွင် ကျင်းပပြီးစီးကာ ကြွေးကြော်သံများဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းကြောင်း သတင်းရှိပါသည်။
Credit- Sususandi Sandi