ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီသို့ တက်ရောက် အမှာစကားပြောကြား

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မြို့နယ်မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၄) ရက်နေ့ နံနက် (၉)နာရီခွဲက ကျင်းပရာ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက တက်ရောက် အမှာစကား ပြောခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဦးတင်အောင်ချစ်၊ သဘာပတိအဖွဲ့ဝင် များအဖြစ် ဦးစိုး နိုင်နှင့် ဦးလှစိုးတို့က ဆောင်ရွက်ကြပြီး သဘာပတိက အဖွင့် အမှာစကား ပြောကြားကာ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာ ရေးမှူးတို့ပါဝင်သည့် အမြဲတမ်းကော်မတီ ဝင် (၁၅) ဦးနှင့် အရန်ကော်မတီဝင် (၁၉) ဦးတို့၏ အမည်စာရင်းများကို ဖတ်ကြားကြေညာပြီးနောက် သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူကြ သည်။

အခမ်းအနားသို့ မြို့မိ မြို့ဖများ၊ ရပ်ကွက်ကျေးရွာ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင် များ စုစုပေါင်း (၂ဝ၇) ဦး တက်ရောက်ကြပြီး မွန်းလွဲ ၂နာရီတွင် ကြွေးကြော် သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကိုကျော်(ကံမ)


Leave a Reply